#Local_News
Published 25 August 2025
ကလော၌ယာဉ်တိမ်းမှောက်မှုကြောင့် ကားခေါင်းခန်းအတွင်း အမျိုးသား နှစ်ဦးညှပ်နေ၍ ကယ်ထုတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဩဂုတ် ၂၅ ရက်နေ့၊ မနက်၈ နာရီ ၅၀မိနစ် အချိန်ခန့်က ရှမ်ပြည်နယ်၊ ကလောမြို့နယ်၊ လွယ်အံကျေးရွာအုပ်စု၊ မိုင်တိုင်အမှတ်(၇၅/၀)နှင့် (၇၅/၁)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
အဆိုပါသတင်းရရှိသဖြင့် ကလောမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း၊ထို ယာဉ်တိမ်းမှောက်မှုကြောင့် ကားခေါင်းခန်းအတွင်းညှပ်နေသော အမျိုးသား(၂)ဦး(မစိုးရိမ်ရ)အား ကယ်ထုတ်နိုင်ခဲ့ပြီး ကလောမြို့ကြက်ခြေနီအသင်းယာဉ်ဖြင့် ကလောမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times