#Local_News
Published 24 February 2026

▪️ ဂျပန်နိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်နိုင်ရန်အတွက်ပေးသွင်းထားသည့်ငွေများ ပြန်လည်ရရှိလိုမှုအတွက် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိရုံးက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

▪️ ဖြစ်စဉ်မှာ ခင်ပွန်းဖြစ်သူ ဂျပန်နိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်နိုင်ရန်အတွက် ၂၀၂၃ ခုနှစ်တွင် ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူမှတ်တိုင်အနီးရှိ Five Star အဆောက်အဦ၌ ရုံးခန်းဖွင့်လှစ်ထားသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီသို့ ကြား Agent ထံမှတစ်ဆင့် စုစုပေါင်း ကျပ် ၆,၀၀၀,၀၀ဝိ/- (ကျပ်သိန်းခြောက်ဆယ်တိတိ/-)ကို ကျပ် ၃,၀၀၀,၀၀ဝိ/- စီ ၂ ကြိမ်ခွဲ၍ ပေးခွင်းခဲ့သော်လည်း ၎င်း၏ခင်ပွန်းဖြစ်သူသည် ဂျပန်နိုင်ငံသို့ သွားရောက်လုပ်ကိုင်ရခြင်းမရှိသဖြင့် ပေးသွင်းထားသည့်ငွေများ ပြန်လည်ရရှိလိုကြောင်း၊ ငွေကြေးလက်ခံခဲ့သူ Agent ဆိုသူအား ၂၁-၂-၂၀၂၆ ရက်နေ့ နေ့လယ်ပိုင်းတွင် ထိုင်းနိုင်ငံ၌ အမှတ်မထင် ပြန်လည်တွေ့ရှိခဲ့သဖြင့် ၎င်းထံ ပေးသွင်းခဲ့ရသည့် ငွေကြေးများ ပြန်လည်ရရှိရန် ကူညီဆောင်ရွက် ပေးစေလိုကြောင်း အလုပ်သမားသံအရာရှိရုံးသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်တိုင်ကြားလာသဖြင့် အလုပ်သမားသံမှူးနှင့်အဖွဲ့သည် သက်ဆိုင်သူများနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး ညှိနှိုင်းပေးခဲ့မှုအရ Agent ဆိုသူမှ ကျပ် ၃,၀၀၀,၀၀ဝိ/- နှင့်ညီမျှသည့် ထိုင်းဘတ်ငွေ ၂၄,၀၀ဝိ/- (ဘတ်နှစ်သောင်း လေးထောင်တိတိ)အား ၂၁-၂-၂၀၂၆ ရက်နေ့ ၁၉:၄၅ အချိန်တွင် ပေးချေခဲ့ပြီး ကျန်ရှိသည့်ငွေကျပ် ၃,၀၀၀,၀၀ဝိ/- အား ၂၀-၃-၂၀၂၆ ရက်နေ့တွင် ထပ်မံပေးချေရန် နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိခဲ့‌ကြောင်းသိရသည်။

▪️ မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်သမားရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တိုင်ကြားလိုပါက အလုပ်သမားသံအရာရှိရုံး (Call Center) 020030015,အလုပ်သမားသံမှူး (ဗန်ကောက်) 0618108454,အလုပ်သမားသံအရာရှိ (ဗန်ကောက်) 0626890119
, အလုပ်သမားသံအရာရှိ (ဗန်ကောက်) 0652206952,အလုပ်သမားသံအရာရှိ (မဲဆောက်) 0652206953,အလုပ်သမားသံအရာရှိ (ချင်းမိုင်) 0945866607,
အလုပ်သမားသံအရာရှိ (ရနောင်း) 0634818121စသည့် အလုပ်သမားသံအရာရှိ ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း အချက်အလက်တိကျစွာ သတင်းပေးပို့ပြီးအကူအညီတောင်းခံ တိုင်ကြားနိုင်ကြောင်းသိရသည်။

#YMG/SW #Yangon_Times