#Local_News
Published 13 September 2025

▪️ နေပြည်တော်နှင့်မိုင် ၄,၀၀၀ ကျော်အကွာ၌အင်အားရစ်(ခ်)တာ စကေး (၇.၄) အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခုလှုပ်ခဲ့ကြောင်း သိရသည်။

▪️ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၉) နာရီ၊ (၀၈) မိနစ်၊ (၀၀) စက္ကန့် အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၄၀၆၇) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Near East coast of Kamchatka, Russia)တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

▪️ ထိုသို့လှုပ်ခတ်ရာတွင် ပြည်ပ (Near East coast of Kamchatka, Russia) မြောက်လတ္တီတွဒ် (၅၃.၂၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၁၆၀.၁၃) ဒီဂရီ၊ အနက် (၆၄)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၇.၄) အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိကြောင်း သိရသည်။

#YMG/NN #Yangon_Times