#Local_News
Published 05 August 2025
▪️ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI) စခန်း ၄ ခု ဖွင်လှစ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံး (ဗန်ကောက်) က အသိပေး ထားသည်။
▪️ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မှုနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို စမုစခွန်စခန်း၊ စမုပရာကန်စခန်း၊ ဆူရတ်ဌာနီစခန်းနှင့်ချင်းမိုင်စခန်းတို့တွင် သြဂုတ်လ (၆) ရက်နေ့မှစတင်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
▪️ အဆိုပါ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity-CI) သက်တမ်းကုန်ဆုံးရန် (၆) လ အောက် ကျန်နေသူများ၊ သက်တမ်းကုန်ဆုံးနေသူများကို အသစ်လဲလှယ်ပေးခြင်း၊ ထိုင်းနိုင်ငံ၏ ဘတ်ကတ် (TR-38) လုပ်ငန်းစဉ်နှင့်အတူ CI စာအုပ်အသစ်များကို ထုတ်ပေးမည်ဖြစ်သည်။
▪️ ထို့အပြင် နိုင်ငံသားစိစစ်ရေးကဒ်မူရင်း၊ အိမ်ထောင်စုစာရင်းနှင့် CI စာအုပ်ရှိသူများကို အထောက်အထားစိစစ်ပြီးနောက် နိုင်ငံကူးလက်မှတ် (Passport for Thailand Only) ထုတ်ပေးခြင်းနှင့် Overseas Worker Identification Card – OWIC ကတ်ပြားထုတ်ပေးခြင်းများလည်း ဆောင်ရွက်ပေးမည် ဖြစ် ကြောင်း ၊CI စာအုပ်အသစ် လဲလှယ်ထုတ်ဝေပေးခြင်းအတွက် ဝန်ဆောင်ခအဖြစ် ၂,၆၇၀ ဘတ် သတ်မှတ်ထားပြီး 7/11 ဆိုင်များ ထံ တိုက်ရိုက်ငွေပေးသွင်းရမည် ဖြစ်ကာ ပေးသွင်းပြေစာပြသပြီး စာအုပ်များ ပြုလုပ်ရမည် ဖြစ်ကြောင်း သိရသည် ။
▪️ ထို့အပြင် ရက်ချိန်းအတွက် နီးစပ်ရာစခန်းကို ရွေးချယ်ရယူနိုင်ပြီး စခန်းများတွင် ဆောင်ရွက်ရာတွင် တနင်္လာနေ့တိုင်းနှင့် မြန်မာသံရုံး (ဗန်ကောက်) မှ သတ်မှတ်ထားသည့် ရုံးပိတ်ရက်များကို အလုပ်နားရက်သတ်မှတ်ထား ကြောင်းသိရသည်။
#YMG/NN #Yangon_Times