#Local_News
Published 29 December 2025

▪️ မန္တလေးကျုံးဘေးတွင် ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ်ကိုကူးပြောင်းသည့်အထိမ်းအမှတ်အဖြစ်
လာမည့် ၂၀၂၅ခုနှစ် ၃၁ရက် ည၌ နှစ်သစ်ကူးည ပျော်ပွဲရွှင်ပွဲကိုမန္တလေးကျုံးဘေးတစ်လျှောက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်းမန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ အသိပေးထားသည်။

▪️ အဆိုပါ နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲကို ဒီဇင်ဘာ ၃၁ ရက်၊ ညနေ ၆ နာရီမှ စတင်ပြီး နှစ်စဉ်ကျင်းပနေကျအတိုင်း ကျုံးတောင်ဘက်ခြမ်း ၊အရှေ့ဘက် ၆၆ လမ်းမှ စည်ပင်ရုံးရှေ့အထိ ကျင်းပသွားမည် ဖြစ်သည်။

▪️ ထို့အပြင် စားသောက်ဆိုင်တန်းတွေကိုလည်း ခင်းကျင်းရောင်းချပေးသွားမည်ဖြစ်ပြီး ဂီတဖျော်ဖြေပွဲများ အဖြစ် နိုင်ငံကျော်အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကိုပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

▪️ ၎င်းအပြင် နှစ်ဟောင်းကုန်ဆုံး နှစ်သစ်ကူးပြောင်းစအချိန်၌ မီးရှူးမီးပန်းတစ်ထောင်ကျော် ပစ်ဖောက်ကြိုဆိုသွားမည်ဖြစ်ကြောင်း သိရသည် ။

#YMG/NN #Yangon_Times