#Local_News
Published 23 August 2025
▪️ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် နေအိမ်အတွင်း ပုပ်ပွသေဆုံးနေသော ရုပ်အလောင်းတွေ့ရှိ ၍ ကူညီသယ်ထုတ်ပြီး ဆေးရုံကြီးရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)မှ သိရသည်။
▪️ ယမာန်နေ့က မန္တလေးမြို့မဟာအောင်မြေမြို့နယ် ရွှေဘုန်းရှိန်ရပ်ကွက် ၄၃×၄၄ လမ်း၊ ၈၁×၈၂ လမ်းကြားရှိ နေအိမ်တစ်လုံးတွင် အပုပ်နံ့ရရှိကြောင်း ရပ်ကွက်နေပြည်သူများ၏ အကူအညီတောင်းခံချက်အရ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)အဖွဲ့ဝင်များသွားရောက်ခဲ့ကြောင်းသိရသည်။
▪️ ထိုသို့သွားရောက်စဉ် နေအိမ်အတွင်း တစ်ဦးတည်းနေထိုင်သည့် အသက် ၆၈ နှစ်အရွယ်အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီးသက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပူးပေါင်းကာ သေဆုံးရုပ်အလောင်းအား ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီး နေအိမ်အတွင်း ပိုးသတ်ဆေးဖြန်းခြင်းတို့ကို ကူညီဆောင်ရွက်ခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times