#Local_News
Published 23 December 2025
▪️ မန္တလေးတိုင်းဒေသကြီး၊ချမ်းအေးသာစံမြို့နယ်လူနေအိမ်မီးလောင်မှု တစ်ခု ယနေ့မနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ ဒီဇင်ဘာ၂၃ရက်နေ့၊ ယနေ့ မနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ၇၃ x ၇၄ လမ်းကြား ၃၅ လမ်း မောရဂီဝရပ်ကွက်တွင် ပျဉ်ထောင်နှစ်ထပ်နံကပ် လူနေအိမ်မီးလောင်နေကြောင်း သိရသည်။
▪️ အဆိုပါသတင်းရရှိသဖြင့် ချမ်းအေးသာစံမြို့နယ် မီးသတ်ယာဉ်အုပ်စုထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက်၇ နာရီ ၂၂ မိနစ်အချိန်တွင်မီးထိန်းနိုင်ခဲ့ပြီး မနက် ၇ နာရီ ၂၂ မိနစ်အချိန်တွင်မီးငြိမ်းနိုင်ခဲ့ကြောင်းသိရသည်။
▪️ မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်လက်စုံစမ်းနေကြောင်းသိရသည်။
#YMG/NN #Yangon_Times