#Local_News
Published 12 January 2025
▪️ ပြီးခဲ့သည့်ရက်ပိုင်းက ယာယီ ရပ်နားထားရသည့် ရန်ကုန်-မန္တလေး ရထားခရီးစဉ်များကို ယခုအခါ ပြန်လည်ပေးဆွဲနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှသိရသည်။
▪️ ပဲခူးတိုင်းဒေသကြီး၊ တောကျွဲအင်းမြို့နှင့် အနီးဝန်းကျင်၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် လုံခြုံရေးအခြေအနေအရ ရန်ကုန်- နေပြည်တော်-မန္တလေး အမှတ်(၃၁)အဆန် DEMU ရထားနှင့် ရန်ကုန်-မန္တလေး အမှတ်(၁၁) အဆန် အမြန် ရထားနှစ်စင်းလုံး၏ ခရီးစဉ်များကို ဇန်နဝါရီ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် လုံခြုံရေးအခြေအနေ အရပြေးဆွဲမှုများကို ယာယီရပ်နားခဲ့ခြင်းဖြစ်ပြီး ရထားခရီးစဉ်များ ယာယီရပ်နားခဲ့သည့်အတွက် ကြိုတင်လက်မှတ် ဝယ်ယူထားသူများ ကိုလည်း လက်မှတ်ခငွေကို ပြန်လည်ထုတ်ပေးခဲ့ကြောင်း သိရသည် ။
▪️ ယခုအခါ ယာယီရပ်နားခဲ့သည့် ရန်ကုန်-မန္တလေး ရထားခရီးစဉ်များကို ဇန်နဝါရီ ၁၁ ရက်၊ မနက်ပိုင်း ရထားခရီးစဉ်မှစတင်၍ ပုံမှန်အချိန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီ ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times