#Local_News
Published 4 February 2026

■ အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀)ကိုအကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ရာအမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမတွင် Hybrid စနစ်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

■ အစည်းအဝေးကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က ဦးဆောင် ၍ အမျိုးသားပို့ကုန်မဟာဗျူဟာ ကဏ္ဍအလိုက် ကော်မတီဥက္ကဋ္ဌများ၊ သက်ဆိုင်ရာဌာနများနှင့် အသင်းအဖွဲ့များမှ In Person ဖြင့် ၁၉ ဦး၊ Online ဖြင့် ၃၆ ဦး၊ စုစုပေါင်း ၅၅ ဦး တက်ရောက်ခဲ့ ‌ကြောင်း သိရသည်။

■ အစည်းအဝေးတွင် ကဏ္ဍများအလိုက် ပါဝင်ဆောင်ရွက်နေသည့် ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့ များက အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရာ၌ ကဏ္ဍအလိုက် ကော်မတီများက အဖွဲ့ဝင်များစာရင်းနှင့် လုပ်ငန်းစီမံချက်များကို ရေးဆွဲပေးပို့ပေးရန်၊ ကဏ္ဍ အလိုက် လုပ်ငန်းစီမံချက်များ ရေးဆွဲသည့်အခါတွင် အကောင်အထည်ဖော်မည့်ကာလကို ဘဏ္ဍာနှစ်ဖြင့် သတ်မှတ်ရေးဆွဲရန်၊ ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များအနက် အလျင်အမြန် အကောင်အထည်ဖော်နိုင်မည့် Quick Win လုပ်ငန်းစဉ်တို့ကို ရွေးချယ်၍ သက်ဆိုင်ရာဘဏ္ဍာနှစ်အလိုက် ဘတ်ဂျတ်တင်ပြ တောင်းခံဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးခဲ့ကြ‌ကြောင်းသိရသည်။

#YMG/SW #Yangon_Times