#Local_News
Published 17 March 2026

▪️ ဘက်ထရီ လျှပ်စစ်သုံး လူစီး(EV)ယာဉ်များကိုနှစ်နှစ်ဆက်တိုက် အခွန်ကင်းလွတ်ခွင့်ပြုထားရာမှဧပြီ၁ရက်မှစတင်ကာအခွန် ၅ ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

▪️ ဘက်ထရီ လျှပ်စစ်သုံး လူစီး(EV)ယာဉ်များကို အထူးကုန်စည်အဖြစ် သတ်မှတ်လိုက်ပြီးပြည်တွင်းသို့ တင်သွင်းခြင်းအတွက် ကုန်းပေါ်ရောက် တန်ဖိုးအပေါ် အထူး ကုန်စည်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း မတ်လ၁၅ရက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ရေးထိုးထုတ်ပြန်လိုက်သည့် ၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ၌ ဖော်ပြထားသည်။

▪️ ထို့အပြင်လောင်စာဆီသုံး ယာဉ်များဖြစ်ကြတဲ့ ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့်ဝက်ဂွန် (Estate Wagon) ကားများ၊ ကူပေး (Coupe) ကား အမျိုးအစားများ တင်သွင်းခြင်းအတွက် ၁၅၀၁ CC မှ ၂၀၀၀ CC အထိ အခွန် ၁၀ ရာခိုင်နှုန်း၊ ၂၀၀၁ CC မှ ၄၀၀၀ CC အထိ အခွန် ၃၀ ရာခိုင်နှုန်း၊ ၄၀၀၁ CC နှင့်အထက်ကို ၅၀ ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times