#Local_News
Published 10 June 2026
■ ပြီးခဲ့သည့် ဇွန်လ(၈)ရက်နေ့ညနေပိုင်း ကျောင်းဆင်းချိန်တွင် ပျောက်ဆုံးသွားခဲ့သည့်ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်မှ ၁၃နှစ်အရွယ် ကေ-လးငယ်အား နှစ်ရက်အကြာတွင် ေ-သဆုံးလျှက်ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း သိရသည်။
■ အဆိုပါ ၁၃ နှစ်အရွယ်ကလေးငယ်သည် မြောက်ဒဂုံ မြို့နယ် အမှတ် 39(A)ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ဇွန်လ(၈)ရက်နေ့ ညနေကျောင်းဆင်းပြီး ၄နာရီခွဲ အချိန်
၌ နေအိမ်မှထွက်ခွာသွားရာမှ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
■ ၎င်းအား မိဘဆွေမျိုးများနှင့်သက်ဆိုင်ရာမှ လိုက်လံရှာဖွေခဲ့ပြီးနောက် ယနေ့မနက်အစောပိုင်း၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
■ "ကျွန်တော့်တူလေး ဒီနေ့မနက် ၆နာရီမြောက်ဒဂုံ ၃၈ရပ်ကွက် ကန်ဘောင်မှာ ရုပ်အ ေ_လာင်း တွေ့ရှိခဲ့ပါတယ်။စစ်ဆေးဖို့တွက် မြောက်ဥက္ကလာဆေးရုံကြီးသို့သယ်ဆောင်သွားခဲ့ပါတယ်။
မျက်နှာကလဲဖောယောင်နေပြီးဒဏ်ရာများလဲတွေ့ရှိထားပါတယ်။ဆေးရုံကလဲ ရက်ထားလို့မရတော့တဲ့တွက်ဒီနေ့သဂြိုလ်ပါမည်" ဟု ၎င်းနှင့်ဆွေမျိုး တော်စပ်သူက လူမှုကွန်ယက်၌ ရေးသားထားသည်။
အဆိုပါ ၁၃နှစ်အရွယ် (G-6) ကျောင်းသားလေး၏ ရုပ်အေ_လာင်းအား ယနေ့သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times