#Local_News
Published 29 December 2025

▪️ မြန်မာ ယူ ၁၆ ဖူဆယ်အသင်းသည် ASEAN U16 BOY'S FUTSAL CHAMPIONSHIP 2025 ပြိုင်ပွဲ၊ တတိယနေရာလုပွဲစဉ်၌ တတိယနေရာရရှိခဲ့ကြောင်းသိရသည်။

▪️ ထိုသို့ရရှိရာတွင် ဗီယက်နမ် ယူ ၁၆ အသင်းကို ၂ ဂိုး ၁ ဂိုး ဖြင့်အနိုင်ရရှိကာ တတိယနေရာကို ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။

▪️ မြန်မာအသင်းသည် အုပ်စုပတ်လည်ပွဲစဥ်များ၌ ဘရူနိုင်းအသင်းကို ၆ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်းသိရသည်။

▪️ ယင်းပွဲစဉ်တွင် ၄ ပွဲကစား ရမှတ် ၃ မှတ်ဖြင့် အဆင့် ၄ နေရာရရှိခဲ့ကာ တတိယနေရာလုပွဲကို တက်ရောက်ခဲ့ကာ ဗီယက်နမ်အသင်းနှင့်ရင်ဆိုင်ကစားခဲ့ရကြောင်း သိရသည်။

▪️ ယင်းအုပ်စုပွဲစဥ်၌ ဗီယက်နမ်အသင်းကို ၅ ဂိုး ၂ ဂိုး နှင့် ရှုံးနိမ့်ခဲ့သော်လည်း ယနေ့ပွဲစဉ်တွင်မူ ၂ ဂိုး ၊၁ ဂိုးဖြင့် ပြန်လည်အနိုင်ရရှိခဲ့ကာ တတိယနေရာကိုရရှိခဲ့ကြောင်းသိရသည်။

#YMG/NN #Yangon_Times