#Local_News
Published 26 August 2026

■ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာ အုပ်စု၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) ဆည်မြောင်းတာသည် ရေဝဲတိုးမှုကြောင့် ဩဂုတ်လ ၂၅ရက်နံနက်ပိုင်းတွင်အလျား(၃၀၀)ပေ၊ အနံ(၆၀) ပေ ခန့်တာအိပဲ့ကျမှု ဖြစ်ပွားခဲ့ရာအင်အား(၁၀၀၀)ဦးခန်က မြစ်ကမ်းထိန်းလုပ်ငန်းများကိုဆောင်ရွက်နေကြောင်းသိရသည်။

■ အဆိုပါ မြစ်ကမ်းပြိုကျရာ‌နေရာသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ တိုင်းဒေသကြီးစိုက်ပျိုးရေး၊မွေးမြူရေနှင့်ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင်၊ တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦး ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောမျိုးသီဟ၊ ဦးအောင်မြသန်း၊ ခရိုင်/မြို့နယ်အုပ်ချူပ်ရေးမှူးများ၊ခရိုင်၊ မြို့နယ်/ခရိုင်ဆည်မြောင်းနှင့်‌ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ၊မြို့နယ်/ခရိုင်ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ န၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ အနီးကပ်ကြီးကြပ်မှုဖြင့်ဆည်မြောင်းနှင့်‌ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန Backhole ၁ စီး ၊ မွေးမြူးရေးအဖွဲ့ချုပ် မှ Backhole ၂ စီး (မကြာခင် ၃ စီးထပ်ရောက်ပါမည်) သဲ ၉၆ ကျင်းပါ သဲမော်တော်ယာဥ် ၂ စီးတို့ဖြင့် တာပန်းကာ ကွယ်ခြင်းလုပ်ငန်းကို ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဒေသခံပြည်သူများ စုစု‌‌ပေါင်းအင်အား(၁၀၀၀)ဦးခန်က မြစ်ကမ်းထိန်းလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်းနှင့် တိုင်းဒေသကြီးမွေးမြူရေးအဖွဲ့ချုပ်နှင့် ဝါဝါဝင်းကုမ္ပဏီမှလည်း လိုအပ်သော သဲမော်တော်ယာဥ်များ ဆက်စပ်ပေးခြင်း၊ လုပ်သားများအား ကျွေးမွေးဧည့်ခံခြင်းတို့ ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။

#YMG/NN #Yangon_Times