#Local_News
Published 20 March 2026

▪️ အရှေ့တောင်အာရှဒေသကို တစ်ခုတည်းသော ခရီးသွားဒေသအနေဖြင့် မြှင့်တင်နိုင််ရန်ကုမ္မဏီများအနေနှင့် အာဆီယံ ခရီးသွားလုပ်ငန်းစျေးကွက်ရှာဖွေရေးအေဂျင်စီ (ASEAN Tourism Marketing Agency)အဖြစ် လျှောက်ထားနိုင်ပြီဖြစ်ရာစိတ်ပါဝင်စားသူများအနေဖြင့် အဆိုပြုလွှာများတင်သွင်းနိုင်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

▪️ ထိုသို့ လျှောက်ထားသည့် အေဂျင်စီများအနေဖြင့် ဒစ်ဂျစ်တယ်စျေးကွက်ရှာဖွေရေးနှင့်ကမ်ပိန်းများကို ၂၀၂၆ ခုနှစ်၊ ဇွန်လကနေ ၂၀၂၇ ခုနှစ်၊ မေလအထိ (၁)နှစ်သက်တမ်း တာဝန်ယူရမည်ဖြစ်ပြီး (၃)နှစ်အထိ သက်တမ်းတိုးနိုင်မည်ဖြစ်သည်။

▪️ ထို့အပြင် အပြည်ပြည်ဆိုင်ရာ စျေးကွက်မြှင့်တင်ရေးလုပ်ငန်းများတွင် အတွေ့အကြုံ အနည်းဆုံး (၅)နှစ်ရှိရမည် ဖြစ်ပြီး စျေးနှုန်းအဆိုပြုလွှာတင်ပြရာ၌ ဒစ်ဂျစ်တယ်စျေးကွက်အတွက် အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ ကနေ ၁၂၀,၀၀၀ အတွင်းနှင့် ကမ်ပိန်းများအတွက် အမေရိကန်ဒေါ်လာ ၃၀,၀၀၀ မှ ၅၀,၀၀၀ အတွင်း ခွဲခြားဖော်ပြရမည်ဖြစ်ကြောင်း၊
စိတ်ပါဝင်စားသူများအနေဖြင့် အဆိုပြုလွှာများကို This email address is being protected from spambots. You need JavaScript enabled to view it. သို့ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ နောက်ဆုံးထား၍ အီးမေးလ်ဖြင့် ပေးပို့လျှောက်ထားနိုင်ကြောင်းသိရသည်။

#YMG/NN #Yangon_Times