#Local_News
Published 10 September 2025
▪️ ကလောမြို့နယ် နန်းသဲကျေးရွာရှိ Kalawe Glamping Adventure Tourism Site ဧရိယာ၌ စွန့်စားခရီးသွားလုပ်ငန်းများ ဖော်ဆောင်နေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
▪️ အဆိုပါ နန်းသဲကျေးရွာရှိ Kalawe Glamping Adventure Tourism Site ဧရိယာသည် ကလောမြို့၏ ထင်ရှားသော ခရီးသွားဆွဲဆောင်ရာနေရာတစ်ခုဖြစ်ပြီး ၎င်း ဧရိယာအတွင်းရှိ စွန့်စားခရီးသွားလုပ်ငန်း၊ စခန်းချတည်းခိုနေထိုင်ခြင်းဆိုင်ရာ ခရီးသွားလုပ်ငန်း၊ အပန်းဖြေခရီးသွားလုပ်ငန်း၊ ကြိုးတန်းလျှောစီးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု များကိုအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက လူငယ်ခရီးသွားလုပ်ငန်း (Youth Tourism)၊ တောင်တန်းဒေသခရီးသွားလုပ်ငန်း (Mountaineering Tourism)၊ အားကစားခရီးသွားလုပ်ငန်း (Sports Tourism)၊ တောတွင်းခရီးသွားလုပ်ငန်း (Jungle Tourism) တို့ကိုပါ တွဲဖက်ဖော်ဆောင်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပြည်တွင်း၊ ပြည်ပခရီးသွားများ ပိုမိုလာရောက်လည်ပတ်ကြစေရန် ဈေးကွက်မြှင့်တင် ကြိုးစားကြရေးဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။
▪️ ထို့နောက် ဌာနပိုင်ငှားရမ်းထားသော Kalaw Heritage Hotel ၌ ခရီးသွားဧည့်သည်များအတွက် ဝန်ဆောင်မှုကောင်းများပေးစွမ်းနိုင်ရေး ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ကလောမြို့ကို ခရီးသွားမြို့တော်ဖြစ်စေရန် ဝိုင်းဝန်းကြိုးပမ်းပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times