#Local_News
Published 16 December 2025

■ Myantade Website ကို myantrade.gov.mm အမည်ဖြင့်သာ သုံးစွဲလျက်ရှိကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

■ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သည် ပို့ကုန်မြှင့်တင်နိုင်ရန်ရည်ရွယ်၍ မြန်မာပို့ကုန်လုပ်ငန်းရှင်များနှင့် MSME လုပ်ငန်းရှင်များကို နိုင်ငံတကာစီးပွားရေးနှင့်ကုန်သွယ်မှုသတင်းအချက်အလက် ဝန်ဆောင်မှုများပေးရန် Myantade Website ကို myantrade.gov.mm အမည်ဖြင့်သာသုံးစွဲလျက်ရှိ‌ကြောင်း သိရသည်။

■ ထို့ပြင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အနေဖြင့် (myantrade.gov.mm) domain မှလွဲ၍ အခြား domain name များကို သုံးစွဲမှုမရှိကြောင်းနှင့် myantrade အမည်ကိုသုံးစွဲ၍ လွှင့်တင်ထားသော အခြား website (ဥပမာ - myantrade.org ၊ myantrade.com) များသည် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် အသိပေးဖော်ပြထား သည်။

#YMG/SW #Yangon_Times