16 December 2023

ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်လျက်ရှိသော Miss Earth ပြိုင်ပွဲ ကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်လေး “ ဆောင်းနှင်းစံအနေဖြင့် ပိတောင်ပန်း၊Recycleအသုံးပြုနိုင်သောဂုံနီအိတ်ကိုချုပ်လုပ်ထားပြီး အုန်းသီးခွံ၊ အုန်းစံကြိုးများဖြင့်အလှဆင်ထားသည့်ဝတ်စုံကိုဝတ်ဆင်ပြီး ပုဂံရိုးရာအငွေ့အသက်ပါသည့်ပုံစံဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း Missosology Myanmarမှသိရသည်။

ပြိုင်ပွဲ၏Theme မှာ Me Love 20Tree ဖြစ်ပြီး နိုင်ငံအသီးသီးမှ မိမိတို့ကိုယ်စားပြု အပင်တစ်မျိုးကို ရွေးချယ်၍ ယှဉ်ပြိုင်ကြရမည်ဖြစ်ရာ မြန်မာကိုယ်စားပြု အနေဖြင့် မြန်မာတို့၏ နှစ်သစ်ကူးရိုးရာ မင်္ဂလာရှိသောပန်းတစ်မျိုး ဖြစ်သည့် "ပိတောက်ပန်း" ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

Talent Competition ပြိုင်ပွဲတွင်လည်း မြန်မာတို့၏အထွက်အမြတ်ထားရာ ပုဂံရိုးရာအကနှင့် ယှဉ်ပြိုင်ခဲ့ကြောင်း နှင့် Eco Project တွင်လဲ Recycle အနေနဲ့ အုန်းသီးခွံကိုအသုံးပြုကာ လူသုံးကုန် အလှတန်ဆာများအဖြစ် ဖန်တီး ပြုလုပ်ထားသော ပစ္စည်းလေးများကို Presentation ပြုလုပ်ခဲ့သည်ဟုဆိုသည်။

မြန်မာအမျိုးသားဝတ်စုံ National Costume ဖန်တီးရာတွင်လည်း Miss Earth Organization ရဲ့ ချမှတ်ထား သော အချက်အလက်များနှင့်အညီ Recycle Costume ပြုလုပ်ရာတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ရွေးချယ်ထား သော ပိတောင်ပန်း ၊ Eco Project မှ အုန်းသီးခွံများ နှင့် Talent Competition မှ ပုဂံရိုးရာအကများ ၏ အငွေ့အသက်ကို ပေါင်းစပ်၍ "ပုဂံခေတ် ရေကစားနေသော လှပျိုဖြူမလေး" အသွင် ဖန်တီးကာ Miss Earth Myanmar 2023 ၏ အမျိုးသားဝတ်စုံအဖြစ် ဖန်တီးချုပ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အမျိုးသားဝတ်စုံ၏ ဝတ်ရုံတစ်ခုလုံးကိုလည်း “ ဂုန်နီအိတ် “ ကိုသာ အဓိကအသုံးပြုချုပ်လုပ်ထားပြီးမြန်မာ့ကနုတ် ပန်းများကို အုန်းစံကြိုးများနှင့် အလှပဆုံးဖန်တီးပုံဖော်ထားခြင်းဖြစ်ပြီးRecycle ပစ္စည်းများဖြင့် ဖန်တီးချုပ် လုပ်ထားသည့် အဆိုပါ အမျိုးသားဝတ်စုံကို Miss Earth 2023 ၏ National Costume ယှဉ်ပြိုင်မှုတွင် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်လေး" ဆောင်းနှင်းစံ "မှ ဝတ်ဆင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။
Yangon_Times/tthl
#Published_ 16 December 2023
#YMG #Yangon_Times #YMG_News
#Yangon_Media_Group