#Local_News
Published_ 4 August 2023

နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိ မော်လမြိုင်မြို့ ပန်းဘဲတန်းရပ်ကွက်၊  အမှတ်(၉) အခြေခံပညာအ ထက်တန်းကျောင်း Level 4အဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သိရသည်။

 

အဆိုပါမီးလောင်မှုသည့် ယမန်နေ့ည ၁၁ နာရီ မိနစ် ၄၀ အချိန်ခန့်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ ယနေ့ ဩဂုတ် ၄ ရက် နံနက် ၂နာရီ ဝန်းကျင်ခန့်တွင် အပြီးသတ်မီးငြှိမ်းနိုင်ခဲ့သည်ဟု သိရသည်။

 

ယင်းအတွက် အဆိုပါမီးလောင်ကျွမ်းမှုသည် အချိန်အားဖြင့် သုံးနာရီခန့် မီးငြိမ်းသတ်ခဲ့ရခြင်းဖြစ်သည်။

 

မီးလောင်ကျွမ်းမှုသည် မည်သို့စတင်လောင်ကျွမ်းခဲ့သည်ဆိုခြင်းနှင့် ဆုံးရှုံးမှုတန်ဖိုးကို အတည်ပြုနိုင်ရန် Yangon Times က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

 

မီး‌လောင်ကျွမ်းမှုအတွက် ရေဂါလံစုစုပေါင်း (၆၀၀၀၀) ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရခြင်းဖြစ်ကာ မီးလောင်ပြင်သို့ မီးသတ်ရေသယ်ယာဉ် ၁၀ စီး၊ မီးသတ်ယာဉ် ၄ စီး၊ ဒေသအခြေစိုက် လူမှုကူညီရေးအဖွဲ့ယာဉ်များ၊ ပြင်ပရေသယ်ယာဉ်များအပါအဝင်စုစုပေါင်း ယာဉ်စီးရေ ၃၀ကျော်ဖြင့် ငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

 

#YMG/my #Local_News #အထက်တန်းကျောင်း Level 4 အဆင့် မီးလောင်
#Yangon_Times