#Local_News
Published_10 May 2024


▪️ '၂၀၂‌၄ခုနှစ်အိုလံပစ်နေ့'အထိမ်းအမှတ်အမျိုးသား၊ အမျိုးသမီးကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲFitnessပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်မှ သိရသည်။

 

▪️ ပြိုင်ပွဲကို မေလ (၂၂)ရက်တွင်ကျင်းပမည်ဖြစ်ပြီး အမျိုးသားကာယဗလမောင်ပြိုင်ပွဲတွင်  အငယ်တန်း၊ သက်ကြီးတန်း၊ အလွတ်တန်းဆိုပြီးပြိုင်ပွဲ အမျိုးအစား(၃)မျိုးကျင်းပသွားမည်ဖြစ်သည်။

 

▪️ အမျိုးသားကာယကြံ့ခိုင်မှုပြိုင်ပွဲအဖြစ် Men's Athletic Physique အမျိုးအစားတွင်အငယ်တန်းပြိုင်ပွဲ၊ အကြီးတန်းပြိုင်ပွဲ(ဆုရရှိပြီးသူများသာ)နှင့် Men's Sport Physique အမျိုးအစားတွင်အငယ်တန်း၊ အကြီးတန်းပြိုင်ပွဲ(ဆုရရှိပြီးသူများသာ) နှင့် Men's Fitness Physique(open)ပြိုင်ပွဲများပါဝင်မည် ဖြစ်သည်။

 

▪️ အမျိုးသမီဲးကာယ​ကြံ့ခိုင်မှုပြိုင်ပွဲများအဖြစ် Women's Model Physiqueအမျိုးအစားပြိုင်ပွဲတွင်အငယ်တန်း၊အကြီးတန်းပြိုင်ပွဲ( ဆုရရှိပြီးသူများသာ)နှင့် Women's Athletic Physique ပြိုင်ပွဲတွင်အငယ်တန်း၊ အကြီးတန်းပြိုင်ပွဲ (ဆုရရှိပြီးသူများသာ)နှင့်  Women's Fitness Physique ပြိုင်ပွဲ (Open) ပြိုင်ပွဲတို့ပါဝင်ကြောင်း သိရသည်။

 

▪️ အငယ်တန်းကာယဗလမောင်ပြိုင်ပွဲတွင် ဆုရရှိခဲ့ဘူးခြင်းမရှိသူများသာ ကိုယ်အလေးချိန်ကန့်သတ်ထားခြင်းမရှိဘဲ ပါဝင်ယှဥ်ပြိုင်ခွင့်​​ပြုကြောင်းနှင့်  အလွတ်တန်းနှင့်အကြီးတန်းပြိုင်ပွဲများအတွက်ဆုရှိပြီးသူများဆိုရာတွင်ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများနှင့်နိုင်ငံတကာပြိုင်ပွဲများတွင်ဆုရရှိပြီးသူများအားလုံးယှဥ်ပြိုင်ခွင့်ပြုမည်ဖြစ်ကြောင်းနှင့်

 

▪️ အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲများတွင် ရွှေ၊ငွေ၊ကြေး ဆုတံဆိပ်ရရှိပြီးသူများ၊ အဖွဲ့ချုပ်မှ​​ကြီးမှူးကျင်းပသော​​ပြိုင်ပွဲများနှင့်ပြည်နယ်/တိုင်းပြိုင်ပွဲများတွင်ပထမဆုရရှိပြီးသူများအားလုံးအလွတ်တန်းနှင့်အကြီးတန်းတို့တွင်ပါဝင်ယှဥ်ပြိုင်နိုင်ကြောင်း သိရသည်။

 

▪️ ပြိုင်ပွဲဝင်လိုသူများနှင့် အသေးစိတ်သိလိုသူများ အနေဖြင့် မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်(MBPF)သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

 

#tthl #Yangon_Times