#Local_News
Published_ 10 April 2023

၂၀၂၃ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားတွင် Fashion Award ဆုကိုပါ ထည့်သွင်း ချီးမြှင့်ပေးသွားမှာဖြစ်ကြောင်း ပြန်ကြားရေး၀န်ကြီးဌာန မှသိရသည်။

 

ထူးချွှန်ဆုများ ချီးမြှင့်ရာတွင် အကဲဖြတ်ဒိုင်များအနေဖြင့် မှန်မှန်ကန်ကန်စိစစ်ရွေးချယ်ပေးဖို့ လိုအပ်ကြောင်း ပြန်ကြားရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမောင်မောင်အုန်းက ဧပြီလ ၉ရက်နေ့က ရန်ကုန်မြို့ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲရုံးမှာ ကျင်းပခဲ့သည့် ရုပ်ရှင်ထူးချွန်နှင့် ပတ်သက်သည့် အစည်းအဝေးမှ ပြောကြားခဲ့သည်။

 

ယခုနှစ် ပေးအပ်မည့် ထူးချွန်ဆုများသည် ပြန်ကြားရေး၀န်ကြီးဌာနက စိစစ်ရွေးချယ်တာမဟုတ်ဘဲ ရုပ်ရှင်အတတ်ပညာရှင်၊ အနုပညာရှင်များကိုယ်တိုင် စိစစ်ရွေးချယ်ထားသည့် ဆုများဖြစ်ကြောင်း သိရသည်။

 

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီ ဆုပေးပွဲကို လာမည့် မေလ ၆ရက်နေ့တွင် ကျင်းပရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တရားဝင် ကြေငြာထားသည်။

 

၂၀၁၉၊၂၀၂၀၊၂၀၂၂ တို့​ပေါင်း ၃ နှစ်စာကို နှစ်အလိုက် ဆုများမြှင့်မှာဖြစ်ပြီး ၂၀၂၁ခုနှစ် တစ်နှစ်ပတ်လုံး ဇာတ်ကားများ မရှိသည့်အတွက် မပါဝင်​ပေ။

 

အဆိုပါ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို နေပြည်တော်တွင်ကျင်းပရန်လျာထားကြောင်းသိရသည်။

 

ယခုနှစ်ကျင်းပမည့် ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ရုပ်ရှင်နဲ့ပတ်သက်သည့် ထူးချွန်ဆုများအပြင် Soung Design ၊ကလေးသရုပ်ဆောင်၊stylist၊ Animation ၊မိတ်ကပ် စည့် အထူးဆု ၅ ဆုလည်း ပါ၀င်ကြောင်း ပြန်ကြားရေး၀န်ကြီးဌာနမှသိရသည်။
ymg/ynzw
#Local_News #မြန်မာ့ရုပ်ရှင်ဆုပေးပွဲ # Fashion Awardဆုချီးမြှင့်
#YMG #Yangon_Media_Group