#Local_News
Published 2 May 2025
▪️ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျခဲ့သည့် မန္တလေးမြို့ Sky Villa အဆောက်အဦ ဓါတ်လှေကားခွင်အတွင်းမှ မ(၁)ဦးနှင့် မ(ကလေး)(၁) အပါအဝင် ရုပ်အလောင်းသုံးခုအား ယနေ့ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။
▪️ Sky Villa အဆောက်အဦ (B)အဆောင်၊ (C) အဆောင်နှင့် (D)အဆောင်များအား ၂.၅.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရားများ နှင့်အတူ ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ နံနက်၁၀ နာရီ မိနစ်၄၀ အချိန်တွင် (C)အဆောင်၊ အခန်းအမှတ်(P4)မှ သေဆုံး မ(၁)ဦး၏ ရုပ်အလောင်းအား ထုတ်ယူနိုင်ခဲ့ပြီး နေ့လည် ၁၂နာရီ ၅၅မိနစ် အချိန်တွင် (C)အဆောင်၊ ဓါတ်လှေကားခွင်အတွင်းမှ မ(၁)ဦးနှင့် မ(ကလေး)(၁)ဦး၏ ရုပ်အလောင်းအား ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။
▪️ ငလျင်ကြောင့် Sky Villa အဆောက်အဦပြိုကျမှုတွင် ၅၂ဦးကို အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့ပြီး လက်ရှိအထိ ရုပ်အလောင်းတစ်ရာကျော် ရှာဖွေ ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times