#Local_News
Published_8 April 2025

▪️ မန္တလေးငလျင်ကြီးကြောင့်ပျက်စီးခဲ့ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်း (Wunna Theikdi Sports Complex) အတွင်းရှိ အားကစားရုံများကိူ နည်းပညာရှင်များဖြင့်ပြန်လည် ပြုပြင်မည်ဖြစ်ကြောင်း သိရသည်။

▪️ ငလျင်ကြောင့် ဘောလုံးကွင်းနှင့် ပြေးလမ်းထိခိုက်ပျက်စီးခဲ့ရမှုများ၊ ပွဲကြည့်စင်နှင့် ဝင်ပေါက်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ယင်းနေရာသို့ ဧပြီလ ၇ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

▪️ ယင်းက ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများဖြစ်ပေါ်ခဲ့သည့် ဝဏ္ဏသိဒ္ဓိ အားကစားပြိုင်ကွင်း အတွင်းရှိ အားကစားရုံများနှင့် အားကစားကွင်းများကိုပညာရှင်များဖြင့် စနစ်တကျ စစ်ဆေး၍ ပြုပြင်ဆောင် ရွက်သွား ရန် အားကစားပွဲများကျင်းပချိန်တွင် အားကစားသမားများနှင့် ပရိသတ်များ အများအပြားလာ ရောက်ကြမည်ဖြစ်သဖြင့် ကြံ့ခိုင် မှုကို အလေးပေးဆောင်ရွက်သွားရန်လိုကြောင်း၊ မီတာ ၄၀၀ ပြေးလမ်းနှင့် ပွဲကြည့်စင်များရှိ ထိုင်ခုံများကို စနစ်တကျဖြင့် ပြန်လည်ပြုပြင်ဆောင်ရွက်သွားရန် နစကဥက္ကဌက ပြောကြားခဲ့ကြောင်း သိရသည်။

▪️ အလားတူအားကစားရုံများထိခိုက်ပျက်စီးမှု အနည်းငယ်သာဖြစ် ပေါ်ခဲ့သော်လည်း Indoor Games များကျင်း ပရာနေရာများဖြစ်သဖြင့် နည်းပညာရှင်များဖြင့် စနစ်တကျစစ်ဆေး၍ ကြံ့ခိုင်မှုအခြေအနေကို သိရှိနိုင်ရေး ဆောင် ရွက်သွား ရန် ၊ လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရာတွင် အဆောက်အဦ ကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုကို ဦးစားပေး၍ စနစ်တကျ ပြန်လည်ပြုပြင်ဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သိရသည်။

▪️ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(A)နှင့်(B) ကို၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်တွင် ဝဏ္ဏသိဒ္ဓိရေကူးကန်ကို ၂၀၁၃ ခုနှစ်၊ မေလ ၃၀ ရက်တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရသည်။

#Yangon_Times/PP