#Local_News
Published 10 May 2025

▪️ ဒေသတစ်ခုမှ တစ်ခုသို့ ဆန်များ စီးဝင်စီးထွက် ဆောင်ရွက်ရာတွင် သတင်းပို့စနစ် ဆောင်ရွက်ရန်အပါအဝင် ဆန်သိုလှောင်ရောင်းချခြင်းများကို ဆန်ပွဲရုံများ၊ ဆန်လက်လီဆိုင်များ၊ ဆန်အကျိုးဆောင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကျင်းပခဲ့ကြောင်း သိရသည်။

▪️ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူများနှင့် ဆန်ပွဲရုံများ၊ ဆန်လက်လီဆိုင်များ၊ ဆန်အကျိူးဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို  မေလ (၉)ရက်နေ့တွင် ရန်ကုန်မြို့ မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမီတက်  MAPCOရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

▪️ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်၊အထွေထွေအတွင်းရေးမှူး ဦးအောင်ဇော်ဦး၊ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း) ဥက္ကဋ္ဌ ဦးကျော်ကိုဆန်းတို့မှ သတ်မှတ် ရည်ညွှန်းဈေးများအတိုင်း ရောင်းဝယ်ရန်၊ သိုလှောင်ရုံမှတ်ပုံတင် စနစ် MyROတွင် သတ်မှတ်ချက်များနှင့် အညီ မှတ်ပုံတင်ရန်၊ လစဉ်ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းကို သတ်မှတ်ရက်အတိုင်း စာရင်းရေးသွင်းကြရန်၊ သိုလှောင်ရုံ စစ်ဆေးမည့် ကိစ္စများ၊ ရည်ညွှန်းဈေးဖြင့် ဆန်ဝယ်ယူရရှိရန် ဆောင်ရွက်ပေးမည့်ကိစ္စများ၊ ဒေသတစ်ခုမှ တစ်ခုသို့ ဆန်များ စီးဝင်စီးထွက် ဆောင်ရွက်ရာတွင် သတင်းပို့စနစ် ဆောင်ရွက်ရန် ကိစ္စများ စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာသူများမှ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။

#YMG/NN #Yangon_Times