#Local_News
Published 28 February 2025
▪️ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်၏ ဆယ်လတာကာလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ၆၅၆ ဒသမ ၁၅ သန်း ရရှိထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ သိရသည်။
▪️ ၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်မှ ယခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅၂ ခု ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
▪️ ဆယ်လအတွင်း ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍဟာ အမေရိကန်ဒေါ်လာ ၃၅၇ ဒသမ ၀၄ သန်းဖြင့် FDI အများဆုံးဝင်ရောက်ခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် စက်မှုကုန်ချောကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁၄၈ ဒသမ ၆၄ သန်း ၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးကဏ္ဍတွင် အမေရိကန် ဒေါ်လာ ၇ ဒသမ ၇၁ သန်းစသဖြင့် အသီးသီး ဝင်ရောက်ခဲ့ကြောင်း သိရသည်။
▪️ ပြည်တွင်းသို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံများတွင် စင်ကာပူ၊ တရုတ်နှင့် ထိုင်းစသည့်နိုင်ငံများမှ အဓိက ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times