#Local_News
Published 30 July 2025

▪️ ဂျပန်နိုင်ငံ မိုးလေဝသနဌာနက ထုတ်ပြန်သည့်ဆူနာမီသတိပေးချက်‌ေကြာင့် ဂျပန်ရောက် မြန်မာနိုင်ငံသားများ သတိထားနေထိုင်ကြရန် ထုတ်ပြန်တိုကျိုမြို့ရှိမြန်မာသံရုံးက ထုတ်ပြန်ထားသည်။

▪️ ယနေ့ ဇူလိုင်လ (၃၀) ရက် နံနက်ပိုင်းကရုရှားနိုင်ငံ၊ ကမ်ချတကျွန်းဆွယ်အနီးတွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၈ ဒသမ ၇ မဂ္ဂနီကျုရှိသည့် ငလျင်ကြောင့် ဂျပန်နိုင်ငံ မိုးလေဝသနဌာနက ဂျပန်ကမ်းရိုးတန်းတလျှောက် ဟိုကိုင်းဒိုးပြည်နယ်မှ ဝါကာယာမပြည်နယ်အထိ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားရာအဆိုပါဒေသတွင် နေထိုင်သည့် မြန်မာနိုင်ငံသားများအနေဖြင့် သတိပေးချက်များကို အလေးထားနားစွင့်ပြီး ကုန်းမြင့်ဒေသများတွင် နေထိုင်ကြရန်နှင့် ဆူနာမီ သတိပေးချက် ရုပ်သိမ်းခြင်းမပြုမီ ကမ်းရိုးတန်းဒေသများသို့ သွားလာခြင်းအား ရှောင်ရှားကြရန် အသိပေးနှိုးဆော်ထားခြင်းဖြစ်သည်။

#YMG/SW #Yangon_Times