#Local_News
Published 2 May 2025

▪️ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အလုပ်လုပ်ကိုင်ရန်စိတ်ပါဝင်စားသည့် အမျိုးသမီး များအတွက် ဆောက်လုပ်ရေးဆိုင်ရာ အတတ်ပညာများကို အခမဲ့သင်တန်းပို့ချပေး မည်ဖြစ်ကြောင်း ဒို့အိမ်အဖွဲ့အစည်းမှ သိရသည်။

▪️ “ယနေ့လို အသက်မွေးဝမ်းကြောင်းအတွက် အလုပ်အကိုင်တွေရှားပါးလာတဲ့ အချိန် မှာ အမျိုးသမီးများအတွက် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အမျိုးသားများနဲ့ တန်းတူ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်စေရန် “အမျိုးသမီးများနဲ့ ဆောက်လုပ်ရေး”ပရိုဂရမ်ကို စီစဉ်ဆောင်ရွက်လျက်ရှိရာ ယခုအခါမှာတော့ တတိယအကြိမ်မြောက် အသုတ်ကို စတင်နေပြီဖြစ်ပါတယ်” ဟု ဒို့အိမ်အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

▪️ အဆိုပါ သင်တန်းသို့ အသက် ၁၈ မှ ၄၀ နှစ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အလုပ်လုပ်ကိုင်ရန်စိတ်ပါဝင်စားသည့် အမျိုးသမီးများ အခမဲ့ ပါဝင်နိုင်ပြီး ပရိုဂရမ်ကာလ (၃) လနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်သင်ဆင်းရမည့် ကာလ (၁) လ၊ စုစုပေါင်း (၄) လ တက်ရောက်ရမည်ဖြစ်ကြောင်း၊ ပရိုဂရမ်ကာလတစ်လျှောက် လိုအပ် သည့် ကျန်းမာရေး အာမခံနှင့် ထောက်ပံ့မှုများကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

▪️ သင်တန်း၌ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ အတတ်ပညာများကိုသင်ကြားရုံမကငွေကြေးဆိုင်ရာစီမံခန့်ခွဲခြင်း၊ မီဒီယာနှင့်ဒစ်ဂျစ်တယ်ဆိုင်ရာ စသဖြင့် ဘဝအတွက် အကျိုးရှိ‌စေမည့် အသိပညာများကိုပါ လေ့လာနိုင်မည်ဖြစ်ကြောင်း၊ ပရိုဂရမ်ကာလအပြီးတွင် ပြီးမြောက်ကြောင်း အသိအမှတ်ပြု လက်မှတ်ရရှိနိုင်မည်ဖြစ်ပြီး လက်ရှိ ဆောက်လုပ်ရေးနယ်ပယ်အတွင်း ကျွမ်းကျင်သူများဆီမှ အနာဂတ်အတွက် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ဆွေးနွေးမှုများကိုလည်း ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times