#Local_News
Published 22 May 2025

▪️ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ(မြောက်ပိုင်း) မြို့နယ်ရှိ သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်) ၏  သီတဂူစက္ခုဒါနဆေးရုံ၌ (၁၂)ကြိမ်မြောက်အဖြစ် ကုသမှုကို  မေလ ၂၃ ရက်မှ စတင်ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

▪️ အဆိုပါ ဆေးရုံကြီး၌ အနယ်နယ်အရပ်ရပ်မှ မျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေးလျက်ရှိခြင်းဖြစ်သည်။

▪️ ပြီးခဲ့သည့်  (၁၁)ကြိမ်မြောက် အခမဲ့မျက်စိခွဲစိတ်ကုသမှုကို ၂၀၂၅ ခုနှစ်၊ မတ်လ ၂၅ ရက်မှ ၃၁ ရက်အထိ ဆောင်ရွက်ပေးရန် စီစဉ်ထားပြီး လူနာ ၁,၂၀၀ ကျော် စာရင်းပေးသွင်းထားရာ အဆိုပါကာလအတွင်း မန္တလေးမြေငလျင်ကြီးကြောင့် ဆရာဝန်၊ သူနာပြုများ အရေးပေါ်ကယ်ဆယ်ရေး သွားရောက်ခဲ့ရခြင်းကြောင့် (၁၁)ကြိမ်မြောက် ခွဲစိတ်ကုသမှုတွင် မျက်စိခွဲစိတ် ကုသရမည့်လူနာ ၂၀၀ ကျော် ကျန်ရှိခဲ့ကြောင်း သိရသည်။

▪️ ထို့ကြောင့် ယခုပြုလုပ်မည့် (၁၂)ကြိမ်မြောက် မျက်စိခွဲစိတ်ကုသမှုတွင် လူနာသစ်များကို လတ်တလောလက်ခံဆောင်ရွက်ပေးနိုင်မည် မဟုတ်ဘဲ (၁၁)ကြိမ် မြောက်ခွဲစိတ်ကုသမှု ဆောင်ရွက်ချိန်တွင် မန္တလေးမြေငလျင်ကြီးကြောင့် ခေတ္တရပ်နားခဲ့ရခြင်း‌ကြောင့် ကျန်ရှိခဲ့သည့်  မျက်စိစမ်းသပ်စစ်ဆေးပြီး လူနာ ၂၀၀ ကျော်အား  ယခုပြုလုပ်မည့် (၁၂)ကြိမ်မြောက်တွင် ပြန်လည် စစ်ဆေးခွဲစိတ်ကုသပေးမည် ဖြစ်ကြောင်း သိရသည်။

▪️ သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၌ ပထမအကြိမ်အခမဲ့ မျက်စိခွဲစိတ်ကုသမှုကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၅ ရက်မှ ၁၀ ရက်အထိနှင့် (၁၀)ကြိမ်မြောက် အခမဲ့မျက်စိခွဲစိတ်ကုသမှုကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ရက်မှ ၁၇ ရက် အထိ ဆောင်ရွက်ခဲ့ရာ ပထမအကြိမ်မှ (၁၀)ကြိမ်မြောက်အထိ မျက်စိစမ်းသပ်လူနာစုစုပေါင်း ၁၃,၂၄၅ ဦးရှိခဲ့ပြီး ၎င်းတို့အနက် ခွဲစိတ်ကုသလူနာ ၄,၀၃၁ ဦး၊ လေဆာဖြင့်ကုသလူနာ ၂၃၆ ဦးရှိခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times