#Local_News
Published 15 February 2025
▪️ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးကော်မတီမှ နေ့စဉ်ထုတ်ပြန်ပေးနေသည့်ရွှေရည်ညွှန်းဈေးမှာ ယနေ့တွင် တစ်ကျပ်သားလျှင် ကျပ်၅၅သိန်းကျော်လာကြောင်း သိရသည်။
▪️ ကမ္ဘာ့ရွှေဈေးနှုန်းမှာယမာန်နေ့က တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၂၉၂၈ ဒေါ်လာအထိရှိခဲ့ရာမှ ယနေ့တွင် ၂၈၈၂ ဒေါ်လာအထိပြန်လာကျဆင်းလာသော်လည်း ရည်ညွှန်းဈေးမှာမူ တစ်ကျပ်သားလျှင်ကျပ်သုံးသောင်းအထိမြင့်တက်လာကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒေါ်လာများဆက်တိုက်ထုတ်ရောင်းပေးနေသည့်အတွက်ပြည်တွင်းငွေလဲနှုန်း များကျဆင်းနေပြီး ယနေ့တွင်ပြင်ပ ပေါက်ဈေးအမေရိကန် တစ်ဒေါ်လာလျှင် ၄,၄၉၀ ကျပ်အထိသာရှိနေကာ ယခုရက်ပိုင်းအတွင်းဈေးငြိမ်နေကြောင်း သိရသည်။
▪️ သို့သော် ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးကော်မတီ၏ သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာ အထက်ရှိသည့် စံချိန်မီရွှေတစ်ကျပ်သားဈေးမှာ ယမာန်နေ့က၅,၄၉၀,၀၀၀ ကျပ် အထိသာရှိခဲ့ရာမှ ယနေ့တွင် ၅,၅၂၀,၀၀၀အထိရှိလာကြောင်း သိရသည်။
#YMG/NN #Yangon_Times