#Local_News
Published 23 June  2025

▪️ ဓာတ်မြေဩဇာစက်ရုံတွင် အမျိုးသားတစ်ဦးလက်တံတောင်ဆစ်အထိ စက်ကြိတ်မိမှုတစ်ခု ယနေ့ဖြစ်ပွားခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။

▪️ ဇွန်လ၂၃ရက်နေ့၊ မနက် ၁၀နာရီ  အချိန်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဓာတ်မြေဩဇာစက်ရုံတွင် ကျား(၁)ဦး မြေဩဇာကြိတ်ရာ ဇလားအတွင်းလက်နှိုက်မိရာမှ ညာဘက်လက်တံတောင်ဆစ်အထိ စက်ကြိတ်မိခဲ့ခြင်းဖြစ်သည်။

▪️ အဆိုပါ  သတင်းရရှိသဖြင့် မော်လမြိုင်မြို့နယ်မီးသတ်စခန်း ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ပြီး ဗေဒါရာမ/ရာမညလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times