#Local_News
Published 10 March 2025
▪️ "အဖြူရောင်သက္ကရာဇ်"၊ မယ်ချို " ဇာတ်လမ်းတွဲများဖြင့် ပရိတ်သတ်အားပေးမှု ရရှိခဲ့သူ Mrtv-4 မှသရုပ်ဆောင်မင်းသား ထူးဇော် ယနေ့နံနက်ပိုင်းတွင် ကွယ်လွန်သွားကြောင်း သိရသည်။
▪️ ထူး(ခေါ်) ထူးဇော်သည် ကလေးသရုပ်ဆောင်မှ လူကြီးသရုပ်ဆောင်ဖြစ် လာခဲ့ခြင်းဖြစ်ပြီး ၄င်းပါ၀င်သရုပ်ဆောင်ထားသည့် "ယောက်ျားကောင်း အတောင်နှစ်ဆယ်" ရုပ်ရှင်ကားမှာလည်း (၂၀၂၄) ခုနှစ်၏ အကယ်ဒမီဆန်ကာတင်စာရင်းဝင်ခဲ့ကြောင်း သိရသည်။
▪️ သရုပ်ဆောင် ထူးကွယ်လွန်ခြင်းနှင့် ပတ်သက်၍ Forever Group (MRTV-4) မိသားစုမှ လည်း ကျန်ရစ်သူမိသားစုနှင့် ထပ်တူဝမ်းနည်းကြေကွဲရကြောင်း လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။
#YMG/SW #Yangon_Times