#Local_News
Published 20 November 2024


▪️ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ်(၁ဝဝ)ပြည့်အထိမ်းအမှတ် အတည်ပြုရွေးချယ်ထားသည့် အမှတ်တံဆိပ် Logo အား အထူး ထုတ် စာပို့တံဆိပ်ခေါင်းအဖြစ် သတ်မှတ်ပြီး ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

▪️ အဆိုပါ အင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ်ကို ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၆)ရက် (ကြာသပတေးနေ့) နံနက် ၉ နာရီခွဲမှစတင်၍ ‌စာတိုက်ကြီးများ၌ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

▪️ ထိုသို့ ရောင်းချရာတွင် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည် ဖြစ်သည်။

▪️ ထို့အပြင်  အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီး တို့တွင် ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်တွင်ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ်ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

#YMG/NN #Yangon_Times