#Local_News
#Published 7 July 2025
▪️ Server Maintenance လုပ်ငန်းဆောင်ရွက်ရန် ယာယီ ရပ်နားထားသည့် စမတ်ကတ်ပြုလုပ်ခြင်းများ ကိုယနေ့မှ စတင်၍ ပြန်လည်ဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာနက အသိပေးထုတ်ပြန်ထားသည်။
▪️ e-ID စနစ်ဆိုင်ရာလုပ်ငန်းများ အဆင့်မြှင့်တင်ရန်နှင့် ဝန်ဆောင်မှုအရည်အသွေးများ ပိုမိုတိုးတက်ကောင်းမွန်စေရန်တို့အတွက် Server Maintenance လုပ်ငန်းအား ဇူလိုင် ၄ ရက်နေ့မှစတင်၍ ဆောင်ရွက်ခဲ့ရာ
ယင်း ကာလအတွင်း မြို့နယ်ရုံးများတွင် UID နံပါတ်ရယူခြင်း (အရပ်အခေါ် စမတ်ကတ်ပြုလုပ်ခြင်း)၊ အွန်လိုင်းမှကိုယ်ရေး အချက်အလက်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများအား ယာယီရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။
▪️ အဆိုပါ e-ID စနစ်ဆိုင်ရာအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသည့်အတွက် UID နံပါတ်လျှောက်ထားရယူခြင်းများအား ယနေ့ ဇူလိုင် ၇ရက်နေ့ မှစတင်၍ ပုံမှန်အတိုင်းဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
▪️ ဌာနအနေဖြင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများ ရပ်တန့်မှုမရှိစေရေးအတွက် အထူးအလေးထားကာ e-ID စနစ်ဆိုင်ရာအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား ရုံးပိတ်ရက်များတွင်သာ ဆောင်ရွက်ခဲ့သည့်အတွက် UID နံပါတ် လျှောက်ထားရယူလိုသူ ပြည်သူများအနေဖြင့် သက်ဆိုင်ရာမြို့နယ်ရုံးများတွင် ပုံမှန်အတိုင်းဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း အသိပေးထားသည်။
#YMG/NN #Yangon_Times