#Local_News
Published 4 November 2024


▪️ မြန်မာအလုပ်သမား (၁၄၀၀) ဝန်းကျင်အား ဂျပန်ကုမ္ပဏီများမှ ခေါ်ယူသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ထုတ်ပြန်ချက်အရ သိရသည်။

▪️ ထိုသို့ခေါ်ယူရာတွင် ဂျပန်ကုမ္ပဏီ (၄၃၁)ခုမှ မြန်မာအလုပ်သမား (၁,၄၀၀) ဝန်းကျင်ခေါ်ယူမည်ဖြစ်ပြီး အမျိုးသမီးအလုပ်သမား (၁,၀၀၀) ကျော်နှင့် အမျိုးသားလုပ်သား (၃၀၀) ကျော် ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။

▪️ ဂျပန်နိုင်ငံမှ မြန်မာလုပ်သားများခေါ်ယူရာတွင် အဓိကအားဖြင့် သက်ကြီးစောင့်ရှောက်ရေး၊စားသောက်ကုန်ထုတ်လုပ်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ထောင်ကျော်ကို ခေါ်ယူထားခြင်းဖြစ်သည်။ 

▪️ ထိုသို့ခေါ်ယူရာတွင် အလုပ်သမားဝန်ကြီးဌာနက ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာပါအချက်အလက်များကို စိစစ်ပြီး ထုတ်ပြန်ပေးနေသည့်အပြင် အလုပ်ခေါ်သည့် ကုမ္ပဏီနှင့် စက်ရုံများသည် တရားဝင်တည်ထောင်ထားခြင်း ရှိ၊မရှိ နှင့် စာရွက်စာတမ်းအထောက်အထားများကို စိစစ်နေကြောင်း သိရသည်။

#YMG/NN #Yangon_Times