#Local_News
Published 25 February 2025

▪️ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာ‌သော အသက် ၂ နှစ်အောက် ကလေးသူငယ်များကို ငွေကြေးထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်နေ‌ကြောင်း နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဖေဖော်ဝါရီ ၂၄ ရက်က ကျင်းပသည့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး၌ပြောကြားခဲ့သည်။

▪️ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှစ၍အသက် (၈၅) နှစ်နှင့် အထက် သက်ကြီးပုဂ္ဂိုလ်များကို ထောက်ပံ့သည့် လူမှုရေးပင်စင်နှင့်ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားလာသည့် အသက် ၂ နှစ်အောက် ကလေးသူငယ်များကို ငွေကြေးထောက်ပံ့သည့် အစီအစဉ်များက အကျိုးခံစားခွင့် ရရှိသူများကိုလူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်မှ တဆင့်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

▪️ အသက် ၂ နှစ်အောက် ကလေးငယ်များကို ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်ရာတွင် ကလေးငယ်အားလုံး တစ်ဦးတစ်ယောက်မျှ မကျန်ခဲ့စေရေး  ဆောင်ရွက်သွားမည်ဖြစ်ပြီးမြန်မာ့စီးပွားရေးဘဏ်ခွဲများမှ တစ်ဆင့် ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

#YMG/SW #Yangon_Times