#Local_News
Published 24 March 2025
▪️ ယမန်နေ့က ရန်ကုန်ဆိပ်ကမ်းသို့ ပြည်ပမှ တင်သွင်းခွင့်ပြုထားသော ဘိလပ်မြေ တန်ချိန် ၁၅၀၀ ထပ်မံရောက်ရှိခဲ့ကြောင်း သိရသည်။
▪️ ပွင့်လင်းရာသီသို့ ရောက်ရှိလာသည့်အတူ နိုင်ငံတစ်ဝန်းတွင် ဆောက်လုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာ တည်ဆောက်မှုလုပ်ငန်းများ အတွက် လိုအပ်သည့် ပြည်တွင်းဘိလပ်မြေလိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ပြည်တွင်း ထုတ်လုပ်မှုကို အင်အားဖြည့်တင်းပေးနိုင်ရန်အတွက် ပြည်ပမှဘိလပ်မြေများကို တင်သွင်း ခွင့်ပြုလျက်ရှိကြောင်း၊ ထိုသို့တင်သွင်းခွင့်ပြုရာတွင် ကော့သောင်းနယ် စပ်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် တင်သွင်းလာသော ဘိလပ်မြေရေယာဉ်များ စဉ်ဆက်မပြတ်ရောက်ရှိ လျက်ရှိပြီး ယခုတန်ချိန် ၁၅၀၀ တင်ဆောင်လာသည့် ရေယာဉ်သည် ရန်ကုန်မြို့ရွှေပြည်သာ ရွှေမဲဆိပ်ကမ်းသို့ မတ်လ၂၃ရက် ညနေပိုင်းတွင် ထပ်မံရောက်ရှိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
▪️ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သော ဘိလပ်မြေကို တင်သွင်းခွင့်ပြုထားပြီး ယခုရေယာဉ်အပြင် ကျန်ဘိလပ်မြေ တင်ဆောင်လာသည့် ရေယာဉ်များလည်း အပတ်စဉ်ဆက်လက်ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times