#Local_News
Published 11 December 2024

▪️ ရွှေတိဂုံစေတီတော်ရှိ သိင်္ဂုတ္တရ ဥယျာဉ်တော်နှင့် ရှင်ဥပဂုတ္တ မင်္ဂလာကန်တော် ဥယျာဉ်သို့ ဓာတ်အားပေးသော ထရန်စမော်အား (၂၄)နာရီ ဓာတ်အားရရှိရေးအတွက် တင်ဒါခေါ်ယူနေကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ရုံးမှ သိရသည်။

▪️ အဆိုပါ ရွှေတိဂုံစေတီတော်သိင်္ဂုတ္တရ ဥယျာဉ်တော်နှင့် ရှင်ဥပဂုတ္တ မင်္ဂလာကန်တော် ဥယျာဉ်သို့ ဓာတ်အားပေးသော 6.6/0.4 kV,(315kV) ထရန်စဖော်မာအား (၂၄)နာရီ ဓာတ်အားရရှိရေး အတွက် 6.6kV မြေအောက်ဓာတ်ကြိုးပေ (၁၄၅၀)ခန့် ချမြှုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်ရှိသောကြောင့် လုပ်ငန်း
အားဆောင်ရွက်ရန် စိတ်ပါဝင်စားသူလုပ်ငန်းရှင်များဈေးပြိုင်တင်ဒါစနစ်ဖြင့်ခေါ်ယူနေခြင်းဖြစ်ကြောင်း သိရသည်။

▪️ ထိုသို့ခေါ်ယူရာတွင် (တင်ဒါပုံစံနှင့် စည်းကမ်းချက် တစ်စုံလျှင် ၃၀,၀၀၀/- (နှုန်း)ဖြင့် ဒီဇင်ဘာလ (၁၀)ရက် (အင်္ဂါနေ့) မှစ၍ ရုံးချိန်အတွင်း ဂေါပကအဖွဲ့ရုံး လျှပ်စစ်နှင့် ရေသန့်ဌာနတွင် ဝယ်ယူပြီး ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ (၁၄) ရက် (အင်္ဂါနေ့) ညနေ (၄)နာရီ နောက်ဆုံးထား၍ ဈေးပြိုင် (တင်ဒါ) တင်သွင်းနိုင်ကြောင်း၊ အသေးစိတ်အချက်အလက်များကို လျှပ်စစ်နှင့်ရေသန့်ဌာနရုံးခန်းတွင် ရုံးချိန်အတွင်း စုံစမ်းနိုင်ကြောင်းလည်း သိရသည်။

#YMG/NN #Yangon_Times