#Local_News
Published 1 August 2025
▪️ စစ်ကိုင်းမြို့၌ ယမန်နေ့ညပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားရာ တစ်နာရီကြာငြိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်နပ်ဖွဲ့မှ သိရသည်။
▪️ ဇူလိုင် ၃၁ ရက်နေ့၊ ည ၁၀နာရီ အချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်၊ ၂၂လမ်းနှင့်၂၅လမ်းထောင့်တွင် မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် စစ်ကိုင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ စစ်ကိုင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ စိန်ကုန်းအရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မြတ်နိုးသစ်စက်မှ ရေသယ်ယာဉ်(၁)စီး၊ သုခကာရီလူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၁၁နာရီအချိန်၌ မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်၊၊
#YMG/NN #Yangon_Times