#Local_News
Published 4 July 2025
▪️ Server Maintenance လုပ်ငန်းဆောင်ရွက်ရန် စမတ်ကတ်ပြုလုပ်ခြင်းများ ယာယီ ရပ်နားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာနက အသိပေး ထုတ်ပြန်ထားသည်။
▪️ e-ID စနစ်ဆိုင်ရာလုပ်ငန်းများ အဆင့်မြှင့်တင်ရန်နှင့် ဝန်ဆောင်မှုအရည်အသွေးများ ပိုမိုတိုးတက်ကောင်းမွန်စေရန်တိုအတွက် Server Maintenance လုပ်ငန်းအား ယနေ့ ဇူလိုင် ၄ ရက်နေ့မှစတင်၍ ဆောင်ရွက်သွားမည်ဖြစ်သည်။
▪️ ထိုသို့ ဆောင်ရွက်နေစဉ်ကာလအတွင်း မြို့နယ်ရုံးများတွင် UID နံပါတ်ရယူခြင်း (အရပ်အခေါ် စမတ်ကတ်ပြုလုပ်ခြင်း)၊ အွန်လိုင်းမှကိုယ်ရေး အချက်အလက်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများအား ယာယီရပ်ဆိုင်းထားမည်ဖြစ်သည်။
▪️ ထို့ကြောင့်ဌာနအနေဖြင့် e-ID ဆိုင်ရာလုပ်ငန်းများ အမြန်ဆုံးပြန်လည်အသုံးပြုနိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး အသုံးပြုနိုင်မည့်အချိန်အား ထပ်မံကြေညာသွားမည်ဖြစ်ပါကြောင်း အသိပေးထားကြောင်း သိရသည်။
#YMG/NN #Yangon_Times