#Local_News
Published 5 October 2024


▪️ နှစ်(၁၅၀)ပြည့် ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ် အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ် အားတိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ သိရသည်။

 

▪️ အဆိုပါ နှစ်(၁၅၀)ပြည့် ကမ္ဘာ့စာပို့တိုက်နေ့(150 YEARS of the UPU) အထိမ်းအမှတ်အဖြစ် (၂၀၀ ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးကိုရောင်းချပေးသွားမည် ဖြစ်သည်။

 

▪️ ထိုသို့ရောင်းချရာတွင် အောက်တိုဘာ ၉ ရက် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် သီတင်းကျွတ်လဆန်း ၇ ရက်  နေ့ နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

▪️ ထို့အပြင် အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ အောက်တိုဘာ ၉ ရက်  တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times