#Local_News
Published 23 June 2025
▪️ ယနေ့ နံနက်အစောပိုင်းက ပြည်မြို့အနီး အင်အားအနည်းငယ်ရှိသောမြေငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက သိရသည်။
▪️ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဇွန်လ ၂၃ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆)နာရီ၊ (၃၂)မိနစ်၊ (၃၃)စက္ကန့် အချိန်တွင် တောင်ငူမြေငလျင်စခန်းမှ အနောက်ဘက် (၇၃) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ပြည်မြို့၏ အရှေ့ဘက် (၉) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၈.၈၀) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၅.၃၄) ဒီဂရီ၊ အနက် (၁၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်ဟု ထုတ်ပြန်ထားသည်။
▪️ မန္တလေးမြေငလျင်ကြီးအပြီး အင်အားအနည်းငယ်မှ အင်အားအသင့်အတင့်ရှိ နောက်ဆက်တွဲမြေငလျင်များ လှုပ်ခတ်လျှက်ရှိရာ အကြိမ်ရေ နှစ်ရာနီးပါးရှိလာပြီဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times