#Local_News
Published 11 June 2025

▪️ လှိုင်သာယာမြို့နယ်ရှိ BOC ပန်းခြံရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညှပ်နေ၍ ကယ်ထုတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

▪️ ဇွန် ၁၁ ရက်နေ့၊ မနက်၉နာရီခွဲ အချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (၉)ရပ်ကွက်၊ အင်းစိန်-ညောင်တုန်းလမ်း၊ BOCပန်းခြံရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညှပ်နေကြောင်း  သိရသည်။

▪️ အဆိုပါ သတင်းရရှိသဖြင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာကူညီခဲ့ရာ၉နာရီ ၃၅မိနစ်အချိန်တွင် ညှပ်နေသူကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား ကယ်ထုတ်ပြီးစီးခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times