#Local_New
Published 31 October 2024
▪️ တရုတ်-မြန်မာ ဇီဝမျိုးစုံမျိုးကွဲမှုဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်း(၁၀) နှစ်ပြည့်အခမ်းအနားကိုအောက်တိုဘာလ ၂၉ ရက်ကကျင်းပခဲ့ကြောင်း သိရသည်။

▪️ အခမ်းအနားတွင်သံမှူးကြီး Dr. Zheng Zhihong က "၁၀ နှစ်တာအတွင်း တရုတ်-မြန်မာ ဇီဝမျိုးစုံမျိုးကွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းသည် ရလဒ်များစွာဆွတ်ခူးရရှိခဲ့ကြောင်း၊ 

▪️ တရုတ်သိပ္ပံအကယ်ဒမီသည် မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့်အတူ အရှေ့တောင်အာရှ ဇီဝမျိုးစုံမျိုးကွဲမှု သုတေသနစင်တာကို တည်ဆောက်ခဲ့ပြီး အကြီးစားပူးတွဲသိပ္ပံသုတေသနပြုလုပ်မှု ၉ ကြိမ် လုပ်ဆောင်ခဲ့ကြောင်း၊ 

▪️ နှစ်ဦးနှစ်ဖက်က ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်နက်ရှိုင်းစေပြီး နှစ်နိုင်ငံ
စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု၊ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှု၊ တစ်ကမ္ဘာလုံးတွင် ဇီဝမျိုးစုံမျိုးကွဲမှုများ ပြည့်ဝစေမှုအတွက် ပိုမိုကြီးမားသည့်အကျိုးထမ်းဆောင်မှုများ လုပ်ဆောင်သွားမည်ဟု ယုံကြည်ကြောင်း "ပြောကြားခဲ့သည်။

▪️ မြန်မာနိုင်ငံ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးမင်းသူကလည်း" တရုတ်သိပ္ပံအကယ်ဒမီက မြန်မာနိုင်ငံဇီဝမျိုးစုံမျိုးကွဲမှုဆိုင်ရာ ထိန်းသိမ်းခြင်းနှင့် သုတေသနပြုလုပ်မှုအတွက် အရင်းအနှီးနှင့် နည်းပညာထောက်ပံ့ပေးမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊

▪️ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာဘက်၏ ပညာရပ်ဆိုင်ရာအဆင့်အတန်းကို မြှင့်တင်ပေးလိုက်ရုံသာမက ဒေသတွင်းလူမှုရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အကျိုးထမ်းဆောင်ပေးလိုက်ကြောင်း"ပြောကြားခဲ့သည်။

#YMG/tthl #Yangon_Times