#Local_News
Published 25 February 2025


▪️ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်ကျောင်းသူ၊ကျောင်းသားများအနေဖြင့် ဖြေဆိုခွင့်ကတ်ပြားများကို ယခု လာမည့်  ဖေဖော်ဝါရီ ၂၇ ရက်မှစတင်၍ သက်ဆိုင်ရာ စာသင်ကျောင်းအသီးသီး၌ ထုတ်ယူနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးထားသည်။

▪️ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာ နမှကျင်းပမည့် တက္ကသိုလ်ဝင် တန်းစာမေးပွဲကို မတ် ၁၇ ရက်မှ ၂၂ ရက်အထိ တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် ကျင်းပသွားမည်ဖြစ်သည်။

▪️ ထို့ကြောင့် ကျောင်းသား၊ကျောင်းသူများအနေဖြင့် မိမိတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဥ်ပါသော တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများအား ယခုအပတ် ဖေဖော်ဝါရီ၂၇မှ စတင်၍ သက်ဆိုင်ရာ စာသင်ကျောင်းအသီးသီး၌ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

▪️ ထို့အတူ အခြေခံပညာအထက်တန်းကျောင်း၊ (ကျောင်းခွဲ)၊ (တွဲဖက်)အခြေခံပညာအထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့၏ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို မိမိတို့ ကျောင်းအုပ်ကြီးများထံတွင် ထုတ်ယူရမည်ဖြစ်ကြောင်း၊ ပြင်ပမှဖြေဆိုသူများသည် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများအား မိမိတို့ဖြေဆိုရမည့် စာစစ်ဌာန၊ ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူရမည် ဖြစ်သည်။

▪️ အဆိုပါ  တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ် ပြားများထုတ်ယူရာ၌ အခက်အခဲများရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် မြန်မာ နိုင်ငံစစ်ဦးစီးဌာနထံ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင် ကြောင်းလည်း သိရသည်။

#YMG/NN #Yangon_Times