#Local_News
Published 22  February 2025

▪️ ကျိုင်းတုံမြို့အနီး၌ ယနေ့မနက်ပိုင်းက မြေငလျင်လှုပ်ခတ်ခဲ့ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

▪️ ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၅)နာရီ၊ (၄၈)မိနစ်၊ (၁၆)စက္ကန့် အချိန်တွင် ကျိုင်းတုံငလျင်စခန်းမှ အရှေ့ဘက် (၁၁) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကျိုင်း တုံမြို့၏ အရှေ့ဘက် (၁၀) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၂၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉.၇၆) ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိကြောင်း သိရသည်။

#YMG/NN #Yangon_Times