#Local_News
Published 17 January 2025


▪️ ရန်ကုန်မြို့တွင် ပြုလုပ်မည့်(၁၀) ကြိမ်မြောက်သီတဂူစက္ခုဒါန-သီတဂူ မျက်စိအလှူတော် အတွက်  စာရင်းပေးထားသူ တစ်ထောင် ကျော်အထိ ရှိလာပြီဖြစ်ကြောင်း ယင်းဆေးရုံကြီးမှ သိရသည်။

▪️ အဆိုပါ(၁၀) ကြိမ်မြောက် သီတဂူစက္ခုဒါန-သီတဂူမျက်စိ အလှူတော် အစီအစဉ်ကို ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၌
သီတဂူအဖွဲ့က မြန်မာနိုင်ငံ အရပ်မျက်နှာအသီးသီးမှ မျက်စိဝေဒနာရှင်များအား
ကြည့်ရှု စစ်ဆေးစမ်းသပ်ခွဲစိပ်ကုသခြင်းလုပ်ငန်းများကို အခမဲ့ (FOC) စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

▪️ မျက်စိဝေဒနာရှင်များသည် ဇန်နဝါရီ ၁ရက်နေ့မှစတင်၍ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်) စာကြည့်တိုက်(ရုံးခန်း)တွင် လူကိုယ်တိုင် သို့မဟုတ်
မျက်စိဝေဒနာရှင်ကိုယ်စား အခြားတစ်ဦးတစ်ယောက်မှ ဖြစ်စေ၊ စာရင်းပေးသွင်းလျှက်ရှိရာလတ်တလောတွင် စာရင်းပေးသွင်းသူဦးရေ ၁၃၀၀အထိရှိလာပြီဖြစ်ကြောင်း သိရသည်။

▪️ ယခုအကြိမ်မျက်စိအလင်းအလှူကိုဖေဖော်ဝါရီ ၁၁ရက်နေ့တွင် စတင်ပြုလုပ်ရန် ကျေးဇူးရှင်သီတဂူဆရာတော်ကြီးကအမိန့်ရှိထားပြီး မျက်စိ စမ်းသပ်ပေးမည့် နေ့ရက်ကို ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည် ။

#YMG/NN #Yangon_Times