#Local_News
Published 13 May 2025

▪️ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်တပေါင်းကွင်း၌ ပြုလုပ်နေသည့်သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချပွဲ၌ တစ်ရက်လျှင် ဘိလပ်မြေ အိတ်တစ်သောင်းရောင်းချပေးနေကြောင်း  MAX CEMENTမှ  သိရသည်။

▪️ အဆိုပါ ရောင်းချပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်တပေါင်းကွင်း၌ မေ ၁၂ ရက်မှ ၁၈ ရက်အထိ ငလျင်ဘေးသင့်ပြည်သူများ လွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးနေခြင်းဖြစ်သည်။

▪️ 'တစ်ရက်ကို  ဘိလပ်မြေအိတ်တစ်သောင်းရောင်းချပေးသွားမှာဖြစ်ပါတယ်။ လာရောက်ဝယ်ယူသူတွေ အဆင်ပြေစေဖို့ ငွေသွင်းပြီးတာနဲ့ ပစ္စည်းကို တစ်ခါတည်းထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ ဈေးပွဲတော်ကာလအတွင်း စက်ရုံဈေးနှုန်းအတိုင်း တစ်အိတ်ကို ငွေကျပ် ၁၉၅၀၀ နှုန်းနဲ့ ရောင်းချပေးသွားမှာဖြစ်တဲ့အပြင် နေပြည်တော် Max Showroom မှာလည်း ဆက်တိုက်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်' ဟု MAX CEMENTမှ  အထွေထွေမန်နေဂျာ မစန်းသော်တာလတ် ကပြောသည်။

▪️ မန္တလေးငလျင်ကြီးကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို အများပြည်သူများ ဈေးနှုန်းမှန်ကန်စွာနှင့် အရည်အသွေးပြည့်မီစွာ ဝယ်ယူနိုင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။

▪️ အဆိုပါ ပွဲတော်ကို  UMFCCI၊ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ သံနှင့် သံမဏိအသင်း၊ ဘိလပ်မြေထုတ်လုပ်သူများ အသင်းနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေခြင်းဖြစ်ကြောင်းသိရသည်။

#YMG/NN #Yangon_Times