#Local_News
Published 6  May 2025

▪️ မန္တလေးငလျင်ဒဏ်ကြောင့်ပြိုကျခဲ့ရသည့် မန္တလေးမြို့ရှိSky Villa မှ အမျိုးသားတစ်ဦး ရုပ်အ ‌ေ-လာင်းကို ယနေ့ မနက်ပိုင်းတွင် ထပ်မံတွေ့ရှိခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

▪️ မေလ၆ ရက်နေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ Sky Villa အဆောက်အဦ(B) အဆောင်၊ (C) အဆောင်နှင့် (D)အဆောင်များအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

▪️ ထိုသို့ ဆောင်ရွက်လျှက်ရှိရာ (B)အဆောင်မှ မနက်၁၁ နာရီ၂၀ မိနစ်အချိန်၌  ကျား(၁)ဦး၏ ရုပ်အလောင်းအား ထုတ်ယူနိုင်ခဲ့ ကြောင်းသိရသည်။

#YMG/NN #Yangon_Times