#Local_News
Published 14 September 2024


▪️ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ကျေးရွာများနှင့်မြစ်ချောင်းများတွင်  ပိတ်ဆို့မှုများကိုရှင်းလင်းမှုများဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ ထိုသို့ဆောင်ရွက်ရာတွင် နေပြည်တော်အတွင်းရှိ ကျေးရွာများတွင် ရေဝင်ရောက်မှုကြောင့် သစ်ပင်လဲကျခြင်း၊ လမ်းပိတ်ဆို့ခြင်းနှင့် မြစ်ချောင်းများအတွင်း ပိတ်ဆို့နေသော သစ်ပင်သစ်ကိုင်း၊ အမှိုက်သရိုက်များအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#YMG/NN #Yangon_Times