#Local_News
Published-18 February 2024

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၌ ကျုံမြို့ မိုးနိုင်း-ညာပရော-မိကြောင်ရွာချင်းဆက်လမ်းပေါ်၌ ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် Box Culvert များ တည်ဆောက်ပေးလျက်ရှိကြောင်းကရင်ပြည်နယ်အစိုးရအဖွဲ့မှသိရသည်။

 

ဒေသခံပြည်သူများသွားလာရေး ပိုမိုအဆင်ပြေလွယ် ကူစေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မိုးနိုင်း-ညာပရော-မိကြောင် ရွာချင်းဆက်လမ်း မြေသားလမ်းပေါ်တွင် Box Culverများ တည်ဆောက်ပေးလျက်ရှိကြောင်းသိရသည်။

 

အဆိုပါတံတားများသည် ပိုင်ကျုံမြို့ မိုးနိုင်း-ညာပရော-မိကြောင် ရွာချင်းဆက် မြေသားလမ်းပေါ်တွင် ဆက်သွယ်ထားသည့် အရှည် ၁၀ပေ၊ အမြင့် ၅ ပေ၊ အကျယ် ၂၆ ပေရှိ Box Culvert (၂ )ခုနှင့် အရှည် ၅ ပေ၊ အမြင့် ၅ပေ၊ အကျယ် ၂၆ ပေရှိ Box Culvert (၅)ခု စုစုပေါင်း Box Culvert ၇ ခုကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး( ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေဖြင့် တည် ဆောက်ပေးခဲ့ခြင်းဖြစ်‌ ကြောင်းသိရသည်။ 

 

ယင်းလုပ်ငန်းကို ဒီဇင်ဘာလ ပထမ အပတ်တွင် စတင်အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိပြီး လုပ်ငန်းများသတ်မှတ်အချိန်ကာလအတွင်း အရည် အသွေး ပြည့်မီစွာပြီးစီးနိုင်ရေးအတွက် သက်ဆိုရာတာဝန်ရှိသူများတို့မှ အနီးကပ်ကြီးကြပ်တာ၀န်ယူ ဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ငန်းများပြီးစီးပါက ဒေသနေပြည်သူများအနေဖြင့် မိုးတွင်းကာလတွင် အန္တရာယ်ကင်းစွာ သွားလာ နိုင်မည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ဆောင်ရွက်ရာတွင် အဆင်ပြေ လွယ်ကူစွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #မိုးနိုင်း-ညာပရော-မိကြောင် #Box Culvertများတည်ဆောက်ပေးနေ #YMG/LW #Yangon_Times