#Local_News
Published 3 March 2024


နေပြည်တော်ရှိBarတစ်ခုတွင် မြန်မာ့ယဉ်ကျေးမှုနှင့်မညီညွတ်ဘဲ‌ဖော်ချွတ်ကပြမိ၍ အဆိုပါBarနှင့် ကပြမိသူ တို့မှလူမှုကွန်ရက်မှတစ်ဆင့်ပြန်တောင်းပန်ခဲ့ပြီး DJခန်းတစ်လနားလိုက်ကြောင်း သိရသည်။

 

မတ်လ(၁)ရက်တွင် Ordinary Bar and Restaurant၌ ကျင်းပသည့်DJ ပွဲတွင်Sexy Dancer ဖြစ်သူ(လိင်ပြောင်းအမျိုးသမီး) တစ်ဦးAda Wong မှမြန်မာ့ယဉ်ကျေးမှုနှင့် မလျော်ညီစွာ အပေါ်ပိုင်း (ရင်သားများအား တိတ်ဖြင့်ကပ်ကာ)ဗလာကျင်းဖြင့် Sexy Dance ပုံစံ ကပြဖျော်ဖြေခဲ့ခြင်းအပေါ် Barမှ တောင်းပန်ချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

 

ဆိုင်အနေဖြင့် အဆိုပါပွဲအား လက်ခံကျင်းပခဲ့ခြင်း၊ ယခုကဲ့သို့ မြန်မာ့ယဉ်ကျေးမှုနှင့်မလျှော်ညီစွာ မသင့်မလျှော် ကပြခဲ့ခြင်းတို့အတွက် နေပြည်တော်ရှိ ပြည်သူလူထု၊ ဧည့်သည်များအား အထူး တောင်းပန်အပ်ပါသည်။

 

နောင်တွင် မိမိတို့ဆိုင်  အနေဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့်မလျော်ညီသည့် မည်သည့် ကပြဖျော်ဖြေမှုမျိုးကိုမဆို ပြုလုပ်သွားမည် မဟုတ်ကြောင်းနှင့် တာဝန်ယူ/တာဝန်ခံမှုအနေဖြင့် ဆိုင်အပေါ်ထပ် DJ ခန်းအား ယနေ့ ၃-၃-၂၀၂၄ ရက်မှစတင်ကာ ၁ လ တိတိ ခေတ္တပိတ်သိမ်း ရပ်နားသွားမည်ဖြစ်ကြောင်း အသိပေးကြေညာချက်၌ဖော်ပြထားသည်။

 

ကပြဖျော်ဖြေမိသူSexy Dancer ဖြစ်သူ(လိင်ပြောင်းအမျိုးသမီး) Ada Wongမှလည်း ၎င်း၏လူမှုကွန်ရက်ပေါ်မှတစ်ဆင့် ပရိတ်သတ်အားပြန်လည် တောင်းပန်ထားကြောင်းလည်း သိရသည်။

 

#Local_News #နေပြည်တော်ရှိBar #DJခန်းတစ်လနား #tthl #Yangon_Times